မန္တလေးမြို့၊ ဗထူး မိုးလုံလေလုံ အားကစား ခန်းမတွင် ဆဋ္ဌမအကြိမ် မြောက် အားကစား ၀န်ကြီးဌာန အလွတ်တန်း အမှတ်ပေး ခြင်းခတ်ပြိုင်ပွဲ နှင့် ၃၆ ကြိမ်မြောက် ပြည်နယ် နှင့် တိုင်း မြန်မာ့ရိုးရာ ခြင်းလုံး အမှတ်ပေးနှင့် အလှခတ်ပြိုင်ပွဲကို မတ် ၁၄ ရက်မှ ၂၀ ရက်အထိ ကျင်းပမည် ဖြစ်ရာ ပြည်နယ် နှင့် တိုင်းအသင်း ၁၆ သင်းနှင့် ၀န်ကြီးဌာန အသင်းများ ပါဝင်ယှဉ် ပြိုင်မည် ဖြစ်သည်။ အမှတ်ပေး ပြိုင်ပွဲဖြစ်သည့် ဆယ်ပေါက်တန်း၊ ရှစ် ပေါက်တန်း၊ ခြောက်ပေါက် တန်းပြိုင်ပွဲများကို ၀န်ကြီးဌာန အဆင့်သာမက ပြည်နယ်နှင့် တိုင်း အဆင့် ပြိုင်ပွဲများပါ ကျင်းပ ဖူးသော်လည်း အလှခတ်ပြိုင် ပွဲကို ယခုအကြိမ် ပထမဦးဆုံး ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ပထမဆု ကျပ် ၁၀,၀၀,၀၀၀၊ ဒုတိယဆု ကျပ် ၅,၀၀,၀၀၀၊ တတိယဆု ကျပ် ၃,၀၀,၀၀၀ ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
မင်းသုတ
Share


