၂၀၀၉ ခုနှစ်၊ မိုးရာသီ ကာလမှာ ယုဇန ဥယျာဉ်မြို့တော်ရဲ့ အဓိက လမ်းမကြီး တော်တော် ပျက်စီး သွားပါတယ်။ ကားတွေ ခက်ခက်ခဲခဲ အထိအခိုက် အပျက်အစီး များတာ တွေ့ရပါတယ်။ နောက်ဆုံး လုံးဝ သွားမရတော့လို့ တခြားလမ်းတွေက ကွေ့ပတ် သွားနေကြရပါတယ်။ အခု ဒီဇင်ဘာ လဆန်းကစပြီး အဓိက လမ်းမကြီးကို ကျောက်ကြီးတွေ ချပြီး ပြင်နေတာ တွေ့ရပါတယ်။ ရန်ကုန်မြို့တော် စည်ပင်လမ်းတံတားဌာနက ကြီးကြပ် ပြင်ဆင်တာလို့ သိရပါတယ်။ လမ်းအကျယ်ပေ ၄၀၊ အလျားပေ ၆၀၀ ကို ပထမအဆင့် ပြင်မှာဖြစ်ပြီး လမ်းကိုကတ္တရာလမ်းချော အဖြစ် ပြင်မယ်လို့ သိရပါတယ်။ နောက်ပိုင်း ယုဇန အ၀ိုင်းကြီးအထိ ပြင်ဆင်သွားမှာဖြစ်ပြီး တခြား လမ်းအပျက်အစီး များကိုလည်း ပြင်မှာလို့ ကြားရတာ မြန်မာပို့စ် ဂျာနယ် အတွဲ ၁၊ အမှတ် ၂၀ မှာ ၀င်းထက်ရဲ့ “ဘယ်သူလာလို့ခင်းပါ့မယ်လေ” ဆိုတဲ့တင်ပြချက်နဲ့ ဆက်စပ်မှု ရှိတယ်လို့ ပြောနေကြောင်း သိရပါတယ်။
သတင်းထောက်နိုင်ဝင်း
Share


