နေပြည်တော်၌ ထိုင်ခုံ ၃၀,၀၀၀ ပါရှိမည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ပည့ာသိဒ္ဓိ ရပ်ကွက်၌ ထိုင်ခုံပေါင်း ၃၀,၀၀၀ ကျော်ပါရှိသည့် ဇမ္ဗူသီရိ အဆင့်မြင့် အားကစားကွင်း ကြီးအား မတ်စ် မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီက စတင် ဆောက်လုပ် နေပြီဖြစ်သည်။ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပည့ာ သိဒ္ဓိရပ်ကွက်၌ အကျယ် ဧက ၁၅၀ ရှိသည့် မြေပေါ်၌ အားကစား ကွင်းများ တည်ဆောက်ထားလျက်ရှိရာ ယခုတည် ဆောက် မည့် ဇမ္ဗူသီရိ အဆင့်မြင့် အားကစားကွင်း ကြီး၏ အကျယ်အ၀န်းမှာ ၂၅ ဧက ရှိပြီး ကားများ ရပ်နားနိုင်ရန် ၁၅ ဧက ကျယ်ဝန်းသည့် ကားပါကင် တစ်ခု ပါရှိကာ အားကစားကွင်း ကြီး၌ ထိုင်ခုံအရေ အတွက် ၃၀,၀၀၀ ပါရှိမည်ဖြစ် သည်။ အားကစားကွင်း ပတ်လည်၌ အမိုးများ ပါရှိမည်ဖြစ်ပြီး အဆင့်မြင့် ခေတ်မီ ဒီဇိုင်းပုံစံဖြင့် တည်ဆောက်မည်ဖြစ်သည်။ အဆိုပါ အားကစားကွင်း ကြီး တည်ဆောက်မည့် နေရာ၌ ဇန်န၀ါရီ ၁၂ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူ များက ရတနာ ပန္နက် စိုက်ထူ ပေးခဲ့ ကြောင်း သိရသည်။
ခိုင်မင်း(နေပြည်တော်)
Share

ဘာလုပ်ဖို့လည်း။ sea game အတွက်လား။ ဒါဆိုရင် ကျွန်တော့်အမြင်ကတော့ ကစားကွင်း နာမည်ကို ပြောင်း သင့်တယ်ထင်တယ်။ နိုင်ငံတကာက သတင်းထောက် တွေ လာပြီး မှတ်တမ်းတင်တာတို့ live လွှင့်တာတို့ လုပ် တဲ့အခါ အဲဒီ “ဇမ္ဗူသီရိ” ဆိုတဲ့ နာမည်ကြီးက တော်တော် ကသိကအောက် နိုင်မှာပဲ။
ဝမ်းသာစရာပါ Mandalay မှာ လည်းရှိရှင်
သိပ်ကောင်းမှာဘဲ Asia အဆင့်မီကွင်းလေ
ံဖြစ်လာပါစေ လို့ ဆုတောင်းရမှာပေါ့
မနက် တိုင်း “M……… ” hotel က မုန့်လာလာပို့တဲ့သူ ဆောက်မှာလား… အော်…co ဘ၀ ထဲက 14″ TV လေးကို home theatre နဲ့လာလည်းပေးတဲ့သူလား… အော် …ဖြစ်နိုင်ပါတယ်…ဒို့နိုင်ငံလည်းလူစွမ်းကောင်းတွေများလာတယ်နော်…