ယခုတစ်လော ဈေးကွက်တွင် တွင်တွင် ကျယ်ကျယ် ရောင်းချနေသည့် ဂက်စ်မီးခြစ် ဆိုက်ကြီး များသည် သုံးစွဲ ရာတွင် တာရှည် ခံပြီး သုံးစွဲသူအတွက် တွက်ခြေ ကိုက်သော်လည်း မကြာ ခဏ အလိုအလျောက် ပေါက်ကွဲ မီးလောင် တတ်သဖြင့် မီးဘေး လုံခြုံရေး စိတ်မချရကြောင်း သိရသည်။ မကြာသေးမီ ရက်ပိုင်းက ပေါင်းတည်မြို့၊ ရွှေတည် ၁ ရပ်ကွက်၊ ရန်ကုန် – ပြည် – လမ်း ရှိ နေအိမ် တစ်အိမ်တွင် အဆိုပါ ဆိုက်ကြီး ဂက်စ်မီးခြစ် ပေါက်ကွဲ မီးလောင်ရာမှ နေအိမ်ကို ကူးစက် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်။
အချိန်မီ ၀ိုင်းဝန်း ငြိမ်းသတ် နိုင်သဖြင့် တစ်အိမ်လုံး မဆုံးရှုံးသော်လည်း နေအိမ် ကြမ်းခင်း အားလုံး မီးလောင် ဆုံးရှုံးခဲ့သည်။ အထူးသဖြင့် ပူးပြင်းခြောက် သွေ့သော နွေရာသီတွင် မီးဘေး လုံခြုံရေး စိတ်မချရသည့် ဆိုက်ကြီး ဂက်စ်မီးခြစ်များ ကို သုံးစွဲရန် မသင့်ကြောင်း၊ အကယ်၍ ဈေးနှုန်းအရ တွက်ခြေကိုက်သဖြင့် သုံးစွဲမည် ဆိုပါကလည်း မီးဘေး လုံခြုံ စိတ်ချရသည့်နေရာ တွင်သာ သိမ်းဆည်း၍ သတိထား ကိုင်တွယ် သင့်ကြောင်း တင်ပြရပါသည်။
အောင်ကြီး (ပေါင်းတည်)
Share


