ကျန်းမာရေး ၀န်ကြီးဌာနမှ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးငါးမျိုးကို ထုတ်ပြန် လိုက်ပြီး ထိုဆေးများကို သုံးစွဲရန် မသင့်လျော်ကြောင်း ဇန်န၀ါရီ ၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် တရားဝင် ထုတ်ပြန် လိုက်သည်။
ထိုဆေးငါး မျိုးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Rycin-K tablet (phenoxy-methylpenicillin potassium BP eq:to 250mg), Phenoxymethyl-penicillin (free acid eq:to 400,000 (lu) ထိုင်းနိုင်ငံထုတ် Liquid 60ml (vitamins, mineral) / panvid Tablets (vitA 2500lu, vit D 300 lu, vit B,HCL 1mg, vit B21mg, vit B6 HCL 0.5mg, vit C 1.5mg / Malacin injection (chloroquine 200mg 15ml) / Baby po-wder Tra Rung Phueng (Benzoic acid 2) (acetyloxy), (salicyclic acid acetate) (aspirin) (162mg) ဆေးများဖြစ်သည်။ အဆိုပါ ဆေးများကို ဆေးဝါး တင်သွင်းဖြန့်ဖြူး သည့် ကုမ္ပဏီ၊ ဆေးဝါး ရောင်းချသည့် ဆေးဆိုင် များအနေဖြင့် တင်သွင်း ရောင်းချခြင်း လုံးဝမပြု ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈ အရ တရားစွဲ အရေးယူ သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ထားသည်။
ကိုထိုက်
Share


