လှည်းတန်း – ရန်ကင်း ခရီးစဉ်တွင် ယခင်က ဘီအမ် လိုင်ကားများ ပြေးဆွဲ ပေးခြင်းကြောင့် ခရီးသည်များ သွားလာရေး အဆင်ပြေခဲ့ပါသည်။ ယခုအခါ ဘီအမ် လိုင်းကားများ ပြေးဆွဲခြင်း မပြုတော့ဘဲ ပစ်ကပ် လိုင်းကား လေးများသာ ပြေးဆွဲလျက် ရှိပါသည်။ လာသမျှ လိုင်းကားလေး များမှာ ပြည့်ကျပ် နေသဖြင့် လှည်းတန်း ဈေးမှတ်တိုင်နှင့် ကျောင်းရှေ့ ဓမ္မာရုံ မှတ်တိုင် တို့၌ ၀န်ထမ်း များနှင့်နိုင်ငံခြား ဘာသာ တက္ကသိုလ် တက်သည့် ကျောင်းသူ ကျောင်းသူများ နေ့စဉ် စုပုံနေပါသည်။ ရုံးနောက်ကျ၊ ကျောင်း နောက်ကျ ဖြစ်နေရ ပါသည်။ ထို့ပြင် ကျပ် ၅၀ ခရီးကို ကျပ် ၁၀၀၊ ကျပ် ၁၀၀ ခရီးကို ကျပ် ၁၅၀၊ ကျပ် ၁၅၀ ခရီးကို ကျပ် ၂၀၀ စသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ ခရီးသည်များအား အနိုင်ကျင့် တောင်းယူ နေကြပါသည်။ သက်ဆိုင်ရာက ကွင်းဆင်း လေ့လာ စိစစ် ဆောင်ရွက် ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
ကိုယ်တိုင်ကြုံတွေ့သူ
Share



အကောင်းဆုံးကတော့ တက္ကသိုလ် ရိပ်သာလမ်းဟောင်း ကို ဖွင့်ပေးလိုက်ရင် ပြည်သူတွေ အားလုံး သွားရ လာရ လုံးဝ အဆင်ပြေသွားမှာပါ။ သဘောတူတယ်မလား
[Reply]