ပြည်သူအများ သိချင်နေကြသည့် ငလျင်ဆိုင်ရာ သိချင်ရာရာ မေးခွန်းများကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးကိုကိုကြီး အား တွေ့ဆုံ မေးမြန်းခဲ့ရာ …
ငလျင်နဲ့ ပတ်သက်လို့ အခုလူတွေက ပြောလာကြပြီ။ ငလျင် အကြောင်း ကိုလည်း ပိုပြီး သိချင်လာကြပြီ။ ဒါနဲ့ ပတ်သက်လို့ ဆရာ့အမြင်ကို သိပါရစေ။
ငလျင်နဲ့ ပတ်သက်လို့ အရင်တုန်းက အင် ဂျင်နီယာပိုင်း ဆိုင်ရာမှာ input ကတော့ နည်း ပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် နောက်ပိုင်း ရောက်လာတော့ ငလျင်နဲ့ ပတ်သက်လို့ သတိ ထားမိ လာတာတွေကို ပိုများ လာတယ်။ ပိုပြီး လေ့လာ မိလာတယ်။ နိုင်ငံတကာနဲ့ လည်း ဆက်သွယ်မိ လာတဲ့အခါမှာ နိုင်ငံတကာ ကလည်း ကျွန်တော်တို့ကို သတိပေးတယ်။
ငလျင်ကို ဆက်ပြီး လေ့လာလိုက် တဲ့အခါမှာ ပညာရှင်တွေ ပေါင်းမိတဲ့ အခါ မြန်မာပြည်မှာ စစ်ကိုင်းပြတ် ရွေ့ကြီးဟာ ထင်ထင်ရှားရှား ရှိနေ တယ်ဆိုတာကို သိလာရတယ်။ အဲဒီ စစ်ကိုင်းပြတ်ရွေ့ကြီးဟာ အသက်ဝင် နေတယ်ပေါ့။ အဲဒီ လို သိလာတော့ ငလျင်ဆိုင်ရာ ဆောင်ရွက်မှုတွေ၊ အသိ ပညာပေးမှုတွေ ပိုလုပ်လာ ပါတယ်။
မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အနေနဲ့ အင်ဂျင် နီယာအပိုင်း အသိပေးမှု၊ ပြည်သူ အပိုင်း အသိ ပေးမှု ဘာတွေ လုပ် ပါသလဲ။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှာ မြေငလျင် ကော်မတီဖွဲ့ထားပါတယ်။ အဲဒီ ကော်မတီမှာ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ကော်မတီဝင် အင်ဂျင်နီယာများ၊ ဘူမိသိပ္ပံ အသင်းမှ ဘူမိသိပ္ပံ ပညာရှင်များ၊ ရန်ကုန်နည်း ပညာ တက္ကသိုလ်နှင့် ရန်ကုန် တက္ကသိုလ်မှ ပညာရှင်များ၊ ဌာနဆိုင်ရာ ပညာရှင်များ ပါဝင်ကြပါတယ်။ အဲဒီကော် မတီက မြေငလျင် နဲ့ ပတ်သက်လို့ အထူးပြု လေ့လာတယ်။ အထူးပြု ဆောင်ရွက်တယ်။ အရင်က မလုပ်ခဲ့ဘူး သေးတဲ့ မြေငလျင်ဇုန် မြေပုံထုတ်ခဲ့ပါတယ်။ ပထမမျိုးဆက် ငလျင် ဇုန်မြေပုံပေါ့။
ဒီလို ငလျင်ဇုန်မြေပုံထုတ်ပေးနိုင်ခြင်းအားဖြင့် ဘယ် နေရာမှာ ငလျင် အန္တရာယ် ဘယ်လောက်များမယ်၊ ဘယ် နေရာမှာ တော့ငလျင် အန္တရာယ် ဘယ်လောက်ရှိ တယ်ဆို တာကို သိနိုင်ပါတယ်။ ဘယ်နေရာမှာ အဆောက်အအုံ ဆောက်ရင် ငလျင်ဒဏ် ခံနိုင်အောင် ဘယ်လောက် လုပ်ရ မယ်ဆိုတာစဉ်းစားနိုင်တာပေါ့။ အင်ဂျင်နီယာ တွေက အဆောက်အအုံ ဒီဇိုင်းလုပ်ရင် ဒီအချက်ကိုပါ ထည့်တွက် လို့ရတယ်။
နောက်ထပ် ဒုတိယမျိုးဆက် ငလျင်ဇုန် မြေပုံ ထုတ်မှုအခြေအနေ ဘယ် လိုရှိပါသလဲ။
ဒုတိယ မျိုးဆက် ငလျင်ဇုန် မြေပုံကိုလည်း လုပ်နေ ပါပြီ။ ၇၀ ရာခိုင်နှုန်း လောက်ပြီးနေပြီလို့ ခန့်မှန်းပါတယ်။ နိုင်ငံတကာ မြေငလျင် ကော်မတီတွေနဲ့ ဆက်စပ်ပြီးတော့ လည်း အချက်အလက် တွေချိတ်ဆက်ပြီး အသေးစိတ်တဲ့ ငလျင်ဇုန် မြေပုံတွေကိုလည်း လုပ်နေပါတယ်။
မြန်မာပြည်မှာ GPS တွေထောင်ပြီး မြေငလျင်ကို လေ့လာဖို့ လုပ်နေ ပါတယ်။ ဒီလို လုပ်နိုင်ခြင်းအားဖြင့် စစ် ကိုင်း ပြတ် ရွေ့ကြီးရဲ့ လှုပ်ရှားမှုကို သိနိုင်ပါတယ်။ လှုပ်ရှား မှု တွေ ငြိမ် နေတယ် ဆိုရင်လည်း အသိပညာ ပေးစရာ ရှိရင် ပေးလို့ရတယ်။ ရန်ကုန် သတိ ထားရမယ်၊ မန္တလေး သတိ ထားရမယ်။ ပဲခူး သတိ ထားရမယ်။ သက်ဆိုင်ရာ နေရာ တွေမှာ ငလျင်ဒဏ် ခံနိုင်တဲ့ အဆောက်အအုံ တွေ ဆောက် ရမယ်။ ငလျင်ဒဏ် ခံနိုင်တဲ့ တာတမံ တွေဆောက်ရမယ်။ ငလျင် ဒဏ် ခံနိုင်တဲ့ရေလိုင်း၊ မီးလိုင်း စနစ်တွေ လုပ်ရမယ်။ ဒီအချက် တွေကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အနေနဲ့ အသိပေးနေတယ်။ သတိပေး နေတယ်။ ဘယ်လို ကာကွယ် ရမယ်ဆို တာကိုလည်း အသိပေး နေပါတယ်။
အခြား ဆောင်ရွက်မှု ရှိရင်လည်း သိပါရစေ။
မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းနဲ့ အာရှ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ပေါင်းပြီးတော့ ရန်ကုန်မှာ ရေကြီးခြင်း၊ လေတိုက်ခြင်းနဲ့ ငလျင်ဖြစ်ခြင်း သုံးမျိုး ပညာပေး တဲ့ အစီ အစဉ် ကိုလုပ်နေပါတယ်။ ကလေးဘ၀က စပြီး ရေကြီးခြင်း၊ လေတိုက်ခြင်း၊ ငလျင်ဖြစ်ခြင်းဘေးအန္တ ရာယ်ကြုံလာရင် ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လို နေထိုင်ရမယ် ဆိုတဲ့ အစီ အစဉ် ကစပြီး လုပ်နေပါတယ်။
ဒီလို လုပ်နေတယ်ဆိုတာ စာရွက်စာတမ်း ပေးတာလား၊ ဟောပြောတာလား။
လက်ကမ်း စာစောင်ဖြန့်တယ်။ ဟောပြောမှုလုပ်တယ်။ ပညာပေး စာအုပ် ထုတ်ဖို့လည်း အစီအစဉ် လုပ်နေတယ်။
ငလျင်ဒဏ် ခံနိုင်အောင် အဆောက်အအုံတွေ အတွက်ဆိုရင် အင်ဂျင်နီယာ လိုင်းက လုပ်ရမယ့်အကြောင်းကို အကြမ်းဖျင်း ပြောပြပါဦး။
ကျွန်တော် တင်ပြခဲ့သလို ငလျင်ဇုန် မြေပုံကိုကြည့် ပြီးတော့ ဘယ်နေရာ ဘယ်လို တွက်ရမယ် ဆိုတာရပါမယ်။ အဲဒီအချက်ရရင် ငလျင်ဒဏ် ခံနိုင်တဲ့ ဒီဇိုင်းကို ဆွဲရပါမယ်။ ဆောက်လုပ်ရေး ပစ္စည်းတွေ ပိုထည့်ရမယ်။ အင်ဂျင်နီယာ ပိုင်းသာမက ပိုင်ရှင်အပိုင်း၊ ဆောက်လုပ်ရေး လုပ်ငန်းရှင် အပိုင်း၊ နေထိုင်မယ့် ပြည်သူအပိုင်းအားလုံးက ငလျင်ဒဏ် ခံနိုင်တဲ့အဆောက်အအုံမျိုးကို လက်ခံ ဆောင်ရွက်ဖို့လိုပါ တယ်။ ဒီလိုငလျင်ဒဏ် ခံနိုင်တဲ့ အိမ်၊ အဆောက်အအုံတွေ များလာရင် နေထိုင်သူ တွေအတွက် ပိုမို လုံခြုံ လာတာပေါ့။
လက်ရှိ အဆောက်အအုံတွေ ရဲ့အခြေအနေ ကိုပြောပြပါဦး။
အခု ရှစ်ထပ်နဲ့ အထက်အဆောက် အအုံတွေတော့ ငလျင်ဒဏ် ခံနိုင်အောင် ဒီဇိုင်း လုပ်ကိုလုပ်ရတယ်။ ရှစ်ထပ် အောက် အဆောက်အအုံ တွေဆောက်လုပ်ရင် ငလျင်ဒဏ် ခံနိုင်ရည်တွက်ပြီး ဆောက်လုပ် သင့်ပါတယ်။ တိုက်တွန်း ချင်ပါတယ်။
အထပ်မြင့် အဆောက်အအုံတွေ ဆောက်ရာမှာ ငလျင်ဒဏ် ခံနိုင်တဲ့ ဒီဇိုင်း ပါနေပြီဆိုတော့ ၀မ်းသာ စရာပေါ့နော်။ တစ်ခုဆက်သိချင် တာက မိရိုး ဖလာသစ်သား အိမ်တွေကရော ငလျင်ဒဏ်ဘယ်လိုရှိမလဲ။
မိရိုးဖလာ အိမ်တွေမှာ သစ်သားကို စနစ်တကျ ဆောက်ရင် ငလျင်ဒဏ်ကို အထိုက်အလျောက် ခံနိုင်ပါ တယ်။ သစ်သားအိမ် ဆိုတာက တစ်ထပ်၊ နှစ်ထပ်ပဲဆို တော့ သိပ်မမြင့်ဘူးလေ။ သစ်သားတစ်ချောင်းနဲ့ တစ် ချောင်း ဆက်ရာမှာ စနစ်တကျ ဆက်ပါ။ အဲဒီအဆက်တွေ ခိုင်ဖို့ ကောင်းဖို့လိုပါတယ်။ ဟိုတုန်းက ကျွန်တော်တို့ အဘိုး တွေ လက်သမားလုပ်တုန်းက သူတို့အဆက် တွေကိုကြည့် လိုက်ရင် သိပ်ကောင်း ပါတယ်။ စရွေးကျ တယ်လို့ခေါ်ပါ တယ်။ လက်သမား စရွေးကျဆိုတာက အခုအခါမှာ ပရိ ဘောဂ လုပ်ရာမှာ သာတွေ့ရပြီး အိမ်တွေမှာ စရွေးကျ ဖြစ် တာနည်းလာပြီ။ သစ်သား အိမ်တွေကို စရွေးကျ စနစ်တကျ ဆောက်မယ်ဆိုရင် ငလျင်ဒဏ်ကို အထိုက်အလျောက် ခံနိုင်ပါတယ်။
အသင်း အနေနဲ့ ငလျင်ဒဏ် အမြဲကြုံနေရတဲ့၊ ငလျင်နဲ့ ယှဉ်တွဲ ရှင်သန် ရပ်တည် နေထိုင်ရတဲ့မြို့ ပြတွေရဲ့ လုပ်ပုံကိုင်ပုံ သင်ခန်းစာ ယူစရာဘာတွေ တွေ့ပါသလဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အောက်မှာ သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး ကော်မတီ တစ်ခုဖွဲ့ပြီး လုပ်နေပါတယ်။ အဲဒီ ကော်မတီမှာ ကျွန်တော်က ကော်မတီဝင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဂျပန်မှာ ဆိုရင် ငလျင်ဒဏ် ခံနိုင်တဲ့ အဆောက်အအုံတွေ ဆောက်ထားကြတယ်။ ငလျင်လှုပ် ပေမယ့် သူတို့တိုက် တွေမပြိုဘူး။ တချို့ ရပ်ကွက်ဆိုရင် အိမ်မြင့်မြင့် မဆောက် ကြဘူး။ အိမ်အနိမ့်လေး တွေပဲဆောက်ကြတယ်။
အခုဟေတီ ငလျင်မှာ လုံးဝ ပြိုပျက်သွားမှု ဖြစ်သွားရတာနဲ့ ပတ်သက်လို့ ဆရာတို့အနေနဲ့ ဘယ်လို သင်ခန်းစာတွေ ရလိုက်သလဲ။
ပြောရရင် ဒီလိုမဖြစ်အောင်ဆိုရင် ဒီလိုမဖြစ်ခင် တုန်းက ကြိုတင် ကာကွယ်ထားရမယ်။ ကြိုတင်ပြင် ဆင် ထားရမယ်။ ဖြစ်သွားရင်ကြို တင်ပြင်ဆင် မထားရင်တော့ ခံရမယ်။ ဒါကြောင့် ငလျင် အသိပညာပေးမှု အရေးကြီး တယ်လို့ ကျွန်တော်တို့ပြော နေတာဖြစ်ပါတယ်။ ငလျင်အ သိပညာပေးမှုမှာ အဘက်ဘက်က ပါဝင်လာအောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။
ငလျင်ဆိုင် ရာအ သိပညာပေးရာမှာ အ ဆောက်အအုံ ဒီဇိုင်းသာ မကဘူး။ Live Line လို့ခေါ်တဲ့ ရေလိုင်း၊လျှပ် စစ်မီးလိုင်း ဆက်သွယ် ရေးလိုင်း တွေပါ ငလျင် ဒဏ်ခံနိုင်တဲ့ ဒီဇိုင်း တွေနဲ့ ဂရုစိုက်ဖို့ လည်း လိုပါတယ်။ လမ်းပမ်း ဆက်သွယ်ရေး၊ တံတား တွေလည်းငလျင်ကြုံလာရင် ငလျင်ဒဏ် ခံနိုင်အောင် ဆောက်လုပ် ရမယ်ဆိုတာကို လည်း ကျွန်တော်တို့ အသိပညာ ပေးနေပါတယ်။
ဟုတ်ကဲ့။ အခုလိုရှင်းပြတဲ့အတွက် ကျေးဇူး တင်ပါတယ်။
မြန်မာပို့စ်
Share


