နေပြည်တော် တွင် ယခင်က စီမံကိန်း အ ဆောက်အအုံ များအား မြေအုတ် ခေါ် လက် ရိုက် အုတ်များဖြင့် အများဆုံး အသုံးပြု ဆောက် လုပ်ခဲ့ကြရာမှ ယခုအခါ မြေအုတ်များ နေရာ တွင် ဘိလပ်မြေအုတ် ခေါ် ဖြုန်းအုတ် များကို တွင်တွင်ကျယ်ကျယ် အသုံးပြု လာကြသဖြင့် ဖြုန်းအုတ် လုပ်ငန်းများ တွင်ကျယ် လာကြောင်း နေပြည်တော် ပျဉ်းမနားမြို့၌ အဆိုပါ လုပ်ငန်း ရှင်တစ်ဦးက မြန်မာပို့စ် ဂျာနယ်သို့ပြောသည်။
ဖြုန်းအုတ်
ဖြုန်းအုတ်သည် မြေအုတ် ကဲ့သို့ ထင်း၊ စပါးခွံနှင့် လုပ်သား အများအပြား လိုအပ်မှု မရှိခဲ့ ခြင်း၊ လယ်မြေများနှင့် ယာမြေများ ပျက်စီးမှုမရှိ ခြင်း၊ ကျိုးပဲ့ လေလွင့် ပျက်စီးမှုနည်းပါးခြင်း၊ ပေ ၅၀ ပတ်လည်ခန့် ရှိသော မြေဧရိယာ ပေါ်၌ တစ် ပိုင်တစ်နိုင် လုပ်ကိုင်နိုင်ခြင်းကြောင့် လုပ်ငန်းရှင် များ စိတ်ပါဝင်စားမှု များလာသည်။ ဖြုန်းအုတ် အား ဘိလပ်မြေ၊ ချီပင်၊ ကျောက်မှုန့်၊ ရေတို့ဖြင့် အချိုးအစား အတိုင်း ရောစပ်ပြီး မြေအုတ် များကဲ့ သို့ လုပ်ဆောင် ရပြီး လေးရက်မှ တစ်ပတ်ခန့် အတွင်း နေလှန်းပြီးပါက အဆောက်အအုံ များ တွင် စိတ်ချစွာ အသုံးပြုနိုင်ကြောင်း သိရသည်။ ဘိလပ်မြေအုတ် အရွယ်အစားမှာ မြေအုတ်၏အရွယ် အစားအတိုင်း အလျား ကိုးလက်မ၊ အမြင့်သုံး လက်မ၊ အနံ လေးလက်မအရွယ်ဖြစ်ပြီး ပုံစံခွက်ထဲ သို့ ဖျော်စပ်ပြီး ဖြုန်းများကို အုတ်ရိုက်သူက ရိုက်ပေးပြီး နေလှန်းကွက် တလင်းတွင် တစ်ပတ်ခန့်သာလှမ်း ခြင်းဖြင့် မီးဖုတ်စရာ မလိုတော့ ဘဲ သုံးစွဲ နိုင်သည်။
မြေအုတ်
မြေအုတ်ခေါ် လက်ရိုက်အုတ်မှာ အုတ်လုပ် ရန် သင့်တော်သည့် မြေသားကို ရွေးချယ် ငှားရမ်း ရပြီး မြေများကို အုတ် လုပ်သားများက တူးဖော် ကာ ရရှိသည့် မြေများကို စပါးခွံနှင့်ရေများ ရောစပ် ၍ လုပ်ကိုင်ရခြင်း ကြောင့် လယ်မြေများနှင့်ယာ မြေများ ပြုန်းတီးခြင်း၊ အုတ်အစိမ်း များကိုနေလှန်း ရန် မြေ ဧရိယာလုံလုံလောက်လောက် ရှိမှ အဆင် ပြေခြင်း၊ မီးဖုတ်ရန် ထင်းသုံးစွဲရသဖြင့် သစ်တော ပြုန်းတီးမှုရှိခြင်း၊အုတ် လုပ်မည့်လုပ်သားများကို ကြို တင်ငွေပေး၍ ခေါ်ယူရခြင်းနှင့် ကျိုးပဲ့ ပျက်စီးလွယ် ခြင်းတို့ကြောင့် မြေအုပ် လုပ်ငန်းရှင်များစုမှာ စိတ် ၀င်စားမှု နည်းသွားခြင်း ဖြစ်ပြီးအကုန်အကျ နည်းပြီး ဆုံးရှုံးမှုနည်းသော ဘိလပ်မြေအုတ်များ ဘက်သို့ စိတ်ဝင်စားပြီး လုပ်ဆောင် လာခဲ့ခြင်း ဖြစ်သည်။
ဈေးကွက်
ယနေ့ ဈေးကွက်တွင် မြေအုတ်နှင့် ဘိလပ် မြေအုတ် များမှာ ဈေးကွာဟမှု အနည်းငယ် သာ ရှိကြောင်း သိရသည်။ အုတ်ရိုက်သူသည် အုတ် တစ်လုံးလျှင် ရိုက်ခ ခုနစ်ကျပ်ရရှိပြီး တစ်နေ့လျှင် အုတ် အလုံးရေ ၃၀၀ ကျော်ပြီးစီး၍ ဘိလပ်မြေ၊ ကျောက်မှုန့်၊ ရေတို့ကို ရောစပ်ဖျော်ပေးသူက တစ်လုံးလျှင် သုံးကျပ် ရရှိသည်။ ယခုအခါ အဆို ပါလုပ်ငန်းကို အုတ်ရိုက်သူ ငါးဦးမှ ၁၀ ဦးအထိ တိုးချဲ့လုပ်ကိုင် နေကြသဖြင့် တစ်ရက်လျှင် ဖြုန်း အုတ် ၄,၀၀၀ ခန့်ပြီးစီးကြောင်း နေပြည်တော် ပုပ္ဗသီရိမြို့သစ်၊ နေပြည်တော် ဇဗ္ဗူသီရိမြို့သစ်၊ နေပြည်တော် ဒက္ခိဏသီရိ မြို့သစ်များ ရှိအိမ်ရာ စီမံကိန်း အဆောက်အအုံများ တွင်လည်းကောင်း၊ နေပြည်တော် ပျဉ်းမနားမြို့၊ နေပြည်တော် လယ် ဝေးမြို့များရှိ ပုဂ္ဂလိက အဆောက်အအုံ များတွင် အသုံးပြု တည်ဆောက် လက်ရှိကြောင်း သိရ သည်။ အဆိုပါ ဖြုန်းအုတ်များကို ကြိုတင်မှာယူ ခြင်း၊ ၀ယ်ယူခြင်းဖြင့် ဈေးကွက်ဝင် လာကြောင်း သိရသည်။
ခိုင်မင်း(နေပြည်တော်)
Share


