၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက် ထုတ် မြန်မာပို့စ်၊ အမှတ် ၁၁ မှာ ကြည်ခိုင်သွယ် ရဲ့ ရန်ကုန်-ဒလ သင်္ဘေင်္ာလိုင်း မှာ လူတစ်ဦး ကူးတိုင်း ရေကြောင်းပို့ဆောင်ရေး က ကျပ် ၁၇၀ နဲ့ အရှုံးခံ ပြေးဆွဲ ပေးနေတယ်လို့ ဖတ်ရ ပါတယ်။ ပြည်သူများ က ၀မ်းမြောက် ၀မ်းသာ ကျေးဇူးတင်လျက် ရှိပါတယ်။ ယနေ့ ကာလ ငွေ ၁၀ ကျပ်နဲ့ သွားလို့ရတာဆိုလို့ မြို့ပတ် ရထားနဲ့ ရန်ကုန်-ဒလသင်္ဘော သာ ရှိပါတယ်။ နိုင်ငံတော်က ပြည်သူတွေ အပေါ်ထားတဲ့ စေတနာ ပေါ်လွင်ပါတယ်။ ကျွန်တော်တို့ မြင်တာ ကတော့ ရန်ကုန်-ဒလသင်္ဘော လိုင်းမှာ လက်မှတ် မ၀ယ်ဘဲ ငွေ ၃၀ ပေးပြီး တိုက်ရိုက် ၀င်တဲ့လူက တော်တော်များ ပါတယ်။ လက်မှတ် ၀ယ်ပြီး ၀င်တဲ့လူရဲ့ ထက်ဝက် ကျော်လောက် ရှိမယ် ထင်ပါတယ်။ နောက်ပြီး သင်္ဘောတန်ဆာခ ဆိုပြီး စက်ဘီး၊ ဆိုင်ကယ်နဲ့ ကုန်ပစ္စည်းတွေ ပေါ်မှာလည်း ပြေစာမဲ့ငွေကောက် ပါတယ်။ တီဗီ တစ်လုံးကျပ် ၅၀၀ ထိယူ ပါတယ်။ ဘယ်က ပေါ်လာမှန်း မသိတဲ့ အရပ်ဝတ်နဲ့ လူကလည်း ဆိပ်ကမ်းခွန် ဆိုပြီး ပြေစာမဲ့ငွေတောင်း ပါတယ်။ တီဗီ တစ်လုံးကျပ် ၅၀၀ ပေးရ ပါတယ်။ တောင်းသလောက် ပေးနေရတဲ့သဘောပါ။ ဆိပ်ကမ်း လုပ်သား ကလည်း တီဗီတစ်လုံးကျပ် ၂၀၀ တောင်း ပါတယ်။ သတ်မှတ်နှုန်း ထားတော့ရှိမယ်ထင်ပါတယ်။ အရင်တုန်းက ကုန်တင်ကုန်ချ နှုန်း ကပ်ထားတာ တွေ့ဖူးပါတယ်။ ယခုတော့ မရှိတော့ပါ။ သင်္ဘော တစ်ခေါက်မှာ ပျမ်းမျှလူ ၅၀၀ လောက် ပါတာမို့ တစ်ခေါက် ကုန်တဲ့ ဒီဇယ်ဂါလန်နဲ့ တစ်ခေါက် ၀င်ငွေတွက်ရင် လူတစ်ဦး ကျပ် ၁၇၀ တော့စိုက်ရမယ် မထင်ပါဘူး။ တင်ပြ ခဲ့တဲ့ ရေကြောင်း ကရမယ့် ပြေစာမဲ့ ၀င်ငွေတွေ ထည့်ပေါင်းရင် အရှုံးခံရတာ သက်သာ မလားလို့ တွေးမိပါရဲ့။
ထွန်းကြည်
Share



ဟုတ်ပါတယ် ကျနော်တို့နေ့စဉ်ကူးသန်းနေရတော့ မြင်တွေ့နေရတာက ပန်းဆိုးတန်းဘက်က လက်မှတ်မဲ့ ၀င်ပေါက်က ကောက်တာပိုဆိုးပါတယ်.. တစ်ခါတလေ ၅၀ိ/-တန်ပေးလိုက်တာ ခပ်တည်တည်ဘဲ ပြန်မအမ်းတော့ပါဘူး…ဒါမျိုးတွေ အမြဲလုပ်ပါတယ်
[Reply]