မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့ နယ်၊ မန္တလေး – ပြင်ဦးလွင်သွား ကားလမ်း အနောက်ဘက်ခြမ်း မိုင် တိုင် အမှတ် ၂၄ မိုင်နှင့် ၂၉ မိုင် ကြားရှိ ရတနာပုံ မြို့သစ်(မြောက် ပိုင်းတွင် မြေကွက်များ ဖော်ထုတ် ၍ ကိုယ်ပိုင် အိမ်ရာ စီမံကိန်း ဆောင် ရွက်လျက် ရှိကြောင်း မန္တလေးမြို့ တော်စည်ပင် သာယာရေး ကော် မတီ ဌာနမှူး ဦးသန်းလွင် ထံမှ သိရ သည်။ မြေကွက် အရွယ်အစားနှင့် ဈေးနှုန်း များမှာ အကျယ်ပေ ၁၀၀ x ပေ ၁၀၀ ရှိ မြေကွက် တစ်ကွက် လျှင် ငွေကျပ်သိန်း ၂၁၀ ဖြစ်ပြီး အကျယ်ပေ ၁၂၀ x ပေ ၁၂၀ ရှိ မြေကွက် တစ်ကွက်လျှင် ငွေကျပ် သိန်း ၃၀၀ ဖြစ်သည်။ မြေကွက်ဝယ် ယူသူ များ အနေဖြင့် သတ်မှတ် တန်ဖိုး ကို မြေကွက် ချထားပေးပြီး သတ် မှတ်ရက် သတ်မှတ် ကာလအတွင်း အပြီး ပေးသွင်း ရမည်ဖြစ်ပြီး အမှန် တကယ် နေထိုင်သူ ဖြစ်ရမည်။ မြို့ ကွက်သစ် နေရာသည် လူနေရန် အ တွက်သာ ဖြစ်သဖြင့် မည်သည့် စီးပွား ရေး လုပ်ငန်းမျှ လုပ်ကိုင်ခြင်း မပြုရ။ မြေကွက် အတွင်းသတ်မှတ် ပေးသည့် လုံးချင်း အိမ်ရာ ပုံစံများမှ နှစ်သက်ရာ ပုံစံ သို့မဟုတ် တင်ပြ၍ ခွင့်ပြုချက် ရရှိထားသည့် ပုံစံ အိမ်တစ်လုံးကိုသာ သတ်မှတ် အကွာအဝေး ချန်လှပ်၍ ဆောက်လုပ် ရမည်ဖြစ်ပြီး အိမ်တစ် လုံးထက် ပို၍ဆောက်လုပ်ခြင်း၊ အိမ် ပုံစံကို ပြုပြင် တိုးချဲ့ဆောက်လုပ်ခြင်း အား ခွင့်ပြုမည် မဟုတ်ကြောင်း သိရ သည်။ ဆောက်လုပ်ပြီး အိမ်အစား အသစ် ထပ်မံ ဆောက်လုပ်လိုပါက လက်ရှိ အိမ်အား ဖျက်သိမ်း၍ သတ် မှတ်ပေးထားသည့် အိမ်ပုံစံများ အ နက် နှစ်သက်ရာ သို့မဟုတ် ပုံစံတင် ပြပြီး ဆောက်လုပ်ခွင့် တင်ပြဆောင် ရွက်နိုင်သည်။ နေရာချ ထားပေးပြီး အနည်းဆုံး သုံးလအတွင်း အဆောက် အအုံ စတင် ဆောက်လုပ်ရန် နှင့်တစ် နှစ်အတွင်း အပြီး တည်ဆောက်ရ မည်ဖြစ်သည်။ အဆောက် အအုံ ဆောက်လုပ်ပြီးစီးသည်နှင့် မြေကွက် ပိုင်ဆိုင်မှု အဖြစ် နှစ် ၃၀ မြေငှား ဂရန် ထုတ်ပေးမည် ဖြစ်ပြီး အဆိုပါ မြေငှားဂရန်အား ၁၀ နှစ်အတွင်း လွှဲပြောင်း ရောင်းချခြင်းမပြုရ။ ၁၀ နှစ်ကျော် လွန်ပြီးနောက် လွှဲပြောင်း ရောင်းချ မည်ဆိုပါက သတ်မှတ်မြေ ကွက် အတိုင်းသာ လွှဲပြောင်းရောင်း ချခွင့် ပြုမည်ဖြစ်သည်။ လျှပ်စစ်မီတာ နှင့် ရေမီတာများ တပ်ဆင်ရန်အ တွက် မြေပိုင်ရှင်မှ လုပ်ထုံးလုပ် နည်းနှင့် အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရတနာပုံ မြို့သစ် ကိုယ်ပိုင် အိမ်ရာ စီမံကိန်း (မြောက်ပိုင်း) တွင်နေထိုင် သူများအတွက် အိမ်ရှေ့ အရောက် လျှပ်စစ်မီး သွယ်တန်းခြင်းနှင့် ရေ ပေးဝေရေး ပိုက်လိုင်းများ ချထား ဆက်သွယ်ခြင်း၊ ကျောင်း၊ ဈေး၊ မီးသတ်၊ ရဲစခန်း၊ ဆေးခန်း၊ အား ကစားကွင်း၊ ပန်းခြံအစရှိသည့် လူ မှုရေး အဆောက်အအုံများ တည် ဆောက် သွားမည် ဖြစ်ကြောင်း သိရ သည်။ မြေကွက် လျှောက်ထားလို သူများ အနေဖြင့် မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ ဖုန်း- ၀၉-၆၅၀၀၂၇၆၊ ၀၂-၃၆၁၆၀၊ ၀၉-၂၀၁၀၆၇၊ ၀၂-၆၀၂၅၂၊ ၀၂-၃၆၁၅၅ သို့ ဆက်သွယ် စုံစမ်းနိုင် ကြောင်း သိရသည်။
မောင်လေ့လာ(မန်း)
Share


