ပုံ့ကို အနုပညာ အလုပ်တွေလုပ်တာ နည်းတယ်လို့ ပြောကြတယ်။ ပုံက နဂိုကတည်းက နည်းပါတယ်။ အရင် တုန်းကလည်း အရမ်း လုပ်ဖြစ်တဲ့ပုံစံ မျိုး မဟုတ်ဘူး။ အရမ်းကြီး ဝေါဝေါ ဝေါဝေါနဲ့ လုပ်တဲ့ အနေအထားမျိုး လည်း မဟုတ်တော့ နဂိုကတည်းက ကွက်ကျားမိုးပါပဲ။ ဂီတာကတော့ ငယ်ငယ် ကတည်းက တီးတာ။ အခု လည်း အားရင်တော့ တီးတယ်။ တစိုက်မတ်မတ်ကြီး စွဲစွဲမြဲမြဲတီးတာ မျိုးတော့ မဟုတ်ဘူး။ ငယ်ငယ်တုန်း ကတော့ ဆရာ တောက်လျှောက်ခေါ် သင်တာဆိုတော့ ခဏခဏတီးဖြစ် တယ်။ ပုံ့အနေနဲ့ ပြောရရင်တော့ ဂီတာတီးတဲ့ဖီလင်က သူ များကိုဖျော်ဖြေ တာမဟုတ်ဘူး။ ကိုယ့်စိတ်ကို ကိုယ် relex ဖြစ်အောင် ကိုယ်ဆို ချင်တာ ကောက်ဆိုတယ်။ ကိုယ်တီးချင်တာ ကောက်တီးတယ်။ ကိုယ်တီးရင်း ဆိုနေတဲ့အချိန်မှာ အဲဒီ တီးလုံးကို တတ်နိုင်သမျှဖန်တီးရတဲ့ ဖီလင်ကို ပိုကြိုက်တာဖြစ်ပါလိမ့် မယ်။ ကိုယ့်ဘာသာ ကိုယ် အိမ်မှာ တီးတတ်သလောက် တီးပြီးတော့ လိုက်ခေါက်ပြီးဆိုတဲ့သူတွေ အကုန် လုံးရဲ့ရည်ရွယ်ချက်က ဒီအတိုင်း ချည်းပဲလို့ ပုံထင်တယ်။ ဘာလို့လဲဆို တော့ ပုံလည်း အဲဒီအတိုင်းဖြစ်နေ လို့ပဲပေါ့။ ဒီတော့ စိတ်ညစ်နေတဲ့ အခါမှာလည်း ဂီတာတီးချင်စိတ် ရှိရင်တီးလိုက်တာပဲ။ စိတ်မညစ်တဲ့ အချိန်မှာ လည်း ဂီတာတီးချင်တဲ့ စိတ်ရှိလို့ကတော့ တီးဖြစ်တာပါပဲ။
ဝင်းလက်
Share


