မြန်မာနိုင်ငံ တွင် ပြည်ပ သွားရောက်မှုအတွက် ရေပန်းအစားဆုံး နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပါသည်။ စင်ကာပူ နိုင်ငံသို့ လာရောက်မည် ဆိုပါက သတိပြုနိုင်ရန် တင်ပြ လိုပါသည်။ စင်ကာပူ နိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားများကို အဓိကခေါ်ယူနေသည့်လုပ်ငန်းများမှာ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ရေနံဓာတု လုပ်ငန်းများဖြစ်ပါ သည်။ ၎င်း လုပ်ငန်းများမှာ ကာလအကန့် အသတ်ရှိပြီး work permit ဖြင့်ဆောင်ရွက်ကြရပါသည်။ လုပ်ငန်း များပြီးဆုံးပါက နောက်ထပ် အလုပ်အကိုင်သစ် တစ်ခုကို ထပ်မံရှာဖွေရသဖြင့် over stay အဖြစ်ရောက်ရှိပြီး အကျိုးဆက်အဖြစ် အဆင်ပြေရာ အလုပ်အကိုင် တစ်ခုခုကို မဖြစ်မနေ ၀င်ရောက် လုပ်ကိုင် ကြရာမှ အဆိုး သံသရာထဲ ၀ဲလည် နေသည့်အဖြစ်အပျက်များကို ကြုံတွေ့နေရပါသည်။ ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ရာ၌ ၀န်ဆောင်ခ စရိတ်ကြေရန် အနည်းဆုံး ခြောက်လခန့် လုပ်ကိုင် ကြရသဖြင့် မိမိလုပ်ကိုင်မည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ ကြာမြင့်ချိန်ကို သေချာစွာ လေ့လာသင့်ပါသည်။ ထို့ပြင် စင်ကာပူနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက် အလုပ်အကိုင် ရှာဖွေခြင်းမှာ မသေချာသော စွန့်စားမှုများဖြစ်ပြီး ဆုံးရှုံးနစ်နာမှုများ အများဆုံး ကြုံတွေ့နေရသည့် ပြဿနာတစ်ခုဖြစ်ပါသည်။ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ဗီဇာဖြင့် သွားရောက်ခြင်း မဟုတ်သည့်အတွက် ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်လာပါက မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည့်အပြင် စင်ကာပူသို့ နောက်တစ်ကြိမ်ဝင်ရောက်နိုင်ခွင့် ပိတ်ပင်ခံရမည်ဖြစ်ပါသည်။ စင်ကာပူသို့လာရောက်ရာတွင် နိုင်ငံရေး၊ စီးပွားရေးအခြေအနေနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို သေချာစွာလေ့လာပြီးမှ တရားဝင်ဗီဇာဖြင့် လာရောက်သင့်ကြပါသည်။ အလည်အပတ်ဗီဇာဖြင့် လာရောက်လိုပါကလည်း စင်ကာပူလူမှုကြီးကြပ်ရေးဥပဒေကို သေချာစွာလေ့လာထားသင့်ပါသည်။ စင်ကာပူနိုင်ငံတွင် ဗီဇာ သက်တမ်းတစ်လထပ်မံတိုးမြှင့်လိုပါက online မှတစ်ဆင့် လွယ်ကူစွာ သက်တမ်း တိုးနိုင်ပြီဖြစ်သဖြင့် စင်ကာပူရှိ ပွဲစားများကို အလွယ်တကူ မယုံကြည်သင့်ကြပါ။ စင်ကာပူ နိုင်ငံသို့ အလည်အပတ် ဗီဇာဖြင့် အလုပ် လာရောက်ရှာဖွေလိုပါက စင်ကာပူ နိုင်ငံ၏ အခြေအနေများကို မိမိတို့နှင့်နီးစပ်သော စင်ကာပူရောက် မြန်မာလုပ်သားများထံမေးမြန်း ပြီးမှ လာရောက်သင့်ကြောင်း အကြံပြု ဖော်ပြလိုက်ပါသည်။
ဟန်ရည်ဖြိုး
Share



အခုလိုစင်္ကကာပူအကောင်းလေးတွေတင်ပေးတာကျေးဇူးတင်ပါတယ်နောက်လဲစင်္ကာပူအလုပ်သတင်းပတ်သက်တာလေးတွေတင်ပေးပါ
ကျေးဇူးတင်ပါတယ်
[Reply]
ဲစင်္ကာပူအလုပ်သတင်းပတ်သက်တာလေးတွေတင်ပေးပါ
[Reply]
သိချင်တာလေးတွေပြောပြပေးပါ
[Reply]