သဘာဝ ဘေးအန္တရာယ် လေ့ကျင့်ရာတွင် ဒေသခံများအား ကြိုတင်အသိပေးသင့်
သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် ရာသီဥတု ဖောက်ပြန်မှုများကြောင့် ဖြစ်ပေါ်လာသော သဘာဝ ဘေးအန္တရာယ်များအား ကာကွယ်ရန်နှင့် ထိုသဘာဝ ဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ် လာမည့်ပျက်စီးဆုံးရှုံးမှုများကို ကာကွယ် နိုင်ရန်အတွက် ကြိုတင်လေ့ကျင့်ပြင် ဆင်မှုများပြုလုပ်ခြင်းမှာ များစွာ ကောင်းမွန်သော လုပ်ဆောင်ချက်ဖြစ်သဖြင့် ၀မ်းမြောက်စွာကြိုဆိုရမည် ဖြစ်ပါသည်။
ထိုသို့ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများကို ပြုလုပ်ခြင်းအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ အမြင် ဗဟုသုတများအား ဒေသခံများပိုမိုသိရှိလာကြသည့်အပြင် နာဂစ်မုန်တိုင်း ကဲ့သို့ သဘ၀ ဘေးဆိုးကြီး ကြောင့် သေကျေပျက်စီးဆုံးရှုံးမှုများ နောက်ထပ် တစ်ကြိမ် မကြုံတွေ့ရစေရန်လည်း ကြိုတင် ကာကွယ် တားဆီးရာရောက်သည်ဖြစ်ရာ များစွာထိရောက်မှုရှိ သောလုပ်ဆောင်ချက်တစ်ရပ်လည်းဖြစ်ပါသည်။
သို့ရာတွင် ထိုသို့သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်လေ့ကျင့်မှုများပြုလုပ်ရာတွင် ဒေသခံများအား လေ့ကျင့်မှုပြုလုပ်ပါမည့်အကြောင်း ကြိုတင်အသိပေးထားရန် လိုအပ်ပါသည်။ ကြိုတင်အသိပေးမှုမရှိခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့ရပြီး အပြန်အလှန်ဆက်သွယ်သတင်းပေးပို့မှုကြောင့် မြို့ကြီးအတော်များများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကောလာဟလများထွက်ပေါ်ခဲ့ပြီး ဒေသခံအများစု စိုးရိမ်စိတ်ပိုခဲ့ကြရပါသည်။
သို့ပါ၍ သဘာဝဘေးအန္တရာယ်နှင့်ဆိုင်သော ကြိုတင်လေ့ကျင့်မှုများကိုပြုလုပ်ရာတွင် ဒေသခံပြည်သူများအား ကြိုတင်အသိပေးပြီးမှပြုလုပ်မည်ဆိုပါက ပိုမိုကောင်းမွန်လိမ့် မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ဒေါ်အေးအေးခိုင်(ကျိုက်လတ်မြို့)
Share



အိမ်ခန်းနေရာချထားရာတွင် အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးရှိ အိမ်ခန်းနေရာချထာမှု မျရေးဘုတ်အဖွဲမှ အဂတိလိုက်စားမှုများရှိနေ
အငိးစိန်ဆေးရု့ကြီးတွင်ဝန်ထမ်းနေအိမ်လိုင်းခန်းများနေထိုင်ခွင်.ပြုရာတွင် ဘုတ်အဖွဲ့ဖြင်.စိစစ်ခွင်ပြုလျှက်ရှိရပသည်။သိုသော် အမှန်တကယ်အိမ်ခန်းများနေရာချထားပေးခဲ့၇ရာတီင် ငွေပေးသူကိုသာဦးစားပေးနေအိမ်ခန်းများချထားပေးနေသဖြင်. အမှန်တကယ်ရရှိမည်. ၀န်ထမ်းများအတွက် များစွာနစနာလျှက်ရှိပကြောင်း အဆိုပါဝန်ထမ်းများအနေဖြင့်ပြင်ငတွင်အိမ်ခန်းများငှာရမ်းနေထိုင်ရပါလူမှုရေး စီးပွားရေး အခက်အခဲများနှင်ရင်ဆိုင်ကြုံတွေ့နေရကြောင်းအင်းစိန်ဆေးရုံကြီးမှ ၀န်ထမ်းတဦးမှ ပြောကြားပါသည်။
[Reply]
တော်တော်များများ မြန်မာစာတွေကိုဖတ်လို့ မရဘူးဖြစ်နေ
ပါတယ်ရှင်. ဘာ Font နဲ့ များရေးထားတာပါလဲ. ကျေးဇူး
ပြုပြီးတော့ အားလုံးဖတ်လို့ ရအောင်လုပ်ပေးပါရှင်.
[Reply]
I can not see the myanmar posts news. How do i download and see? And which font?
[Reply]
Web Admin Reply:
June 5th, 2010 at 6:44 am
we use zaw gyi one myanmar font.
[Reply]
I can not read your site because of the font, I already download Zawgyi One Myanmar Font, the other site which using this font can read but your site can not…. I don’t know why….
[Reply]