ကြွပ်ကြွပ်အိတ်ပါးများ ထုတ်လုပ်ခြင်းကို စောင့်ကြည့် ကာလ လေးလ သတ်မှတ်ကာ ပြန် လည် ထုတ်လုပ်ခွင့်ပြုလိုက်ရာ ထုတ်လုပ်သည့် ကြွပ်ကြွပ် အိတ်များကို 3R စနစ်ဖြင့်သုံးစွဲကြရန် အသိ ပညာပေး လုပ်ငန်းများကိုပါ တွဲဖက်ပြုလုပ်သွား မည်ဖြစ်ကြောင်း စက်မှုလုပ်ငန်း ရှင်တစ်ဦးက ပြော ကြားသည်။
ရန်ကုန်တိုင်းအတွင်းရှိ ပလတ်စတစ်စက်ရုံ များကို နိုဝင်ဘာ ၃၀ ရက်နောက်ဆုံးထား၍ ကြွပ်ကြွပ် အိတ်ပါးများ ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းရန် ညွှန်ကြား ထားခဲ့သော်လည်း လုပ်ငန်းရှင်များ ပြန် လည် တင်ပြမှုများကြောင့် လုပ်ငန်းဆိုင်ရာ အခက် အခဲများ အဆင်ပြေမှု ရှိစေရန် စောင့်ကြည့်ကာလ လေးလ သတ်မှတ်ကာ ပြန်လည် ထုတ်လုပ်ခွင့်ပြု လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း လုပ်ငန်းရှင်များ အနေ ဖြင့် နှစ်နှစ်အတွင်း ဆွေးမြေ့ စေနိုင်သည့် အိတ်ပါး များ ထုတ်လုပ်နိုင်ရန် နည်းပညာများနှင့် စက်ပိုင်း ဆိုင်ရာပစ္စည်းများကို မှာယူတင်သွင်းရန် စီစဉ်လျက် ရှိသည်ဟု သိရသည်။ ပလတ်စတစ် ၏ ပုံမှန်သ ဘောသဘာဝအရ နှစ်ပေါင်း ၃၀ မှ နှစ် ၁,၀၀၀ အထိ ဆွေးမြည့် နိုင်ခြင်းမရှိသောကြောင့် မြေကြီးအတွင်း လေပေါက်ပိတ်ခြင်း ဖြစ်ပေါ်တတ်ကာ ပလတ်စတစ် မီးခိုးငွေ့ကြောင့် ထွက်ရှိလာသော မီးခိုးငွေ့တွင် ကာ ဗွန်ဒိုင်အောက်ဆိုက် အဆိပ်ငွေ့ပါရှိသဖြင့် ကျန်းမာ ရေးကို တိုက်ခိုက် ထိခိုက်စေနိုင်သည်ဟု ပညာရှင် များ၏ သုတေသနပြုချက်များအရသိရသည်။
ယင်းအတွက် ကြွပ်ကြွပ် အိတ်ဆန့်ကျင်ရေးကို ကမ္ဘာ့နိုင်ငံ အသီးသီးက လွန်ခဲ့သောဆယ်စုနှစ်ခန့် က စတင်ပြုလုပ်လျက်ရှိကြသကဲ့သို့ အထက်မြန်မာ ပြည် မန္တလေးမြို့တွင် ၂၀၀၆ ခုနှစ်ကစ၍ ကြွပ်ကြွပ် အိတ် ထုတ်လုပ်ခွင့် လိုင်စင်အသစ်ကို ထပ်မံ ချပေးခြင်းမပြုတော့ဘဲ ကြွပ်ကြွပ် အိတ်အသုံးပြု ခြင်းကို ဇွန် ၂၂ ရက်က စတင် ပိတ်သိမ်းလိုက် သည်။ ထို့အတူ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၆ ရက်က နေပြည်တော်တွင် ကြွပ်ကြွပ် အိတ်အသုံး ပြုခြင်းကို တားဆီးလိုက်ပြီး စီးပွားရေးမြို့တော် ရန်ကုန်တွင် နိုဝင်ဘာ ၃၀ ကို နောက်ဆုံး ထား သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အေးမြခိုင်
Share



ထိထိရောက်ရောက်လုပ်နိုင်ကြရင်တော့….၀မ်းမြောက်ပါကြောင်းပါ
[Reply]