ပြည်ပ သင်္ဘောလိုင်း များတွင် အလုပ် ရရှိနိုင်သည့် သင်္ဘောသား အလုပ်ခေါ်စာ (Appointment) ဈေးနှုန်းများ မြင့်မား နေခြင်းကြောင့် သင်္ဘောသား လူသစ်များ လျော့နည်း လျက်ရှိကြောင်း ပြည်ပသင်္ဘော သား အလုပ်အကိုင် အေဂျင်စီအသိုင်းအ ၀ိုင်းမှ စုံစမ်းသိရှိရသည်။
ပြည်ပ သင်္ဘောလိုင်း များတွင် ကုန်း ပတ်ပိုင်း၌ သင်္ဘောသား လူသစ်အဖြစ် လိုက်ပါနိုင်သည့် Appointment ဈေးနှုန်း များမှာ ကျပ်သိန်း ၂၀ ကျော် ဈေးပေါက် လျက်ရှိပြီး ၀ယ်ယူရရှိရန် ရှားပါးမှုကြောင့် သင်္ဘောသား လူသစ်များ လျော့နည်းနေ ခြင်းဖြစ်ကြောင်း သင်္ဘောသား အလုပ်အ ကိုင် အေဂျင်စီ အချို့က ဆိုသည်။ ယခင် က Appointment များကို သင်္ဘောသား အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများက ခွဲ တန်းဖြင့် ရောင်းချ ခေါ်ယူခဲ့သော်လည်း ယခု နောက်ပိုင်းခေါ်ယူမှု နည်းလာကြောင်း တွေ့ ရသည်။ သို့ဖြစ်၍ Appointment မလိုဘဲ ကမ်းရိုးတန်းသွား သင်္ဘောများတွင် ပင် လယ်လုပ်သက်ယူ၍ သင်္ဘောသား လူသစ် အဖြစ် လိုက်ပါခြင်းနှင့် ဟိုတယ် ချက်ပြုတ်မှု သင်တန်းများ တက်ရောက်၍ သင်္ဘောစား သောက်ခန်းတွင်လိုက်ပါ တာဝန်ထမ်းဆောင် နိုင်ရန် ဆောင်ရွက်မှုများ လာကြောင်း ၀ါရင့် သင်္ဘောသား အချို့ကဆိုသည်။
လက်ရှိတွင် သင်္ဘောသား လူသစ်အ ဖြစ်လိုက်ပါရန် Appointment အပါအ၀င် ကုန်ကျစရိတ် ကျပ်သိန်း ၃၀ ရှိပြီး သင်္ဘော တက်ရန် တစ်နှစ်ခန့် အချိန်ယူရန် လိုအပ် ကြောင်း၊ သင်္ဘောသား လူသစ်အဖြစ်လိုက် ပါ ပါက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၅၀ ခန့်ရရှိနိုင်ကြောင်း သင်္ဘောသား အလုပ်အကိုင် အေဂျင်စီ များထံမှ သိရ သည်။
News Image
Share



ကျန်းမာ သန်စွမ်း ပြီး စိတ်ဝင်စား တဲ့  လူ ငယ် တိုင်း ဒီ အလုပ် ကို လွယ် လယ် ကူ ကူ လုပ် နိုင် (အလုပ် လျှောက်လို့) ရ နိုင်စေချင်ပါတယ်
[Reply]
appointment..၀ယ်လို့ရနိုင်တဲ့..company..လိပ်စာလေးတွေလည်းသိချင်ပါတယ်ဗျာ…လူသစ်တွေ..သဘောင်္သားလောကနဲ့သိပ်အဆက်အသွယ်မရှိတဲ့လူငယ်တွေအတွက်တော့..ဒီလိုမက်ဆေ့ခ်ျလေးတွေကိုပဲအားကိုးရတာပါဗျာ….ကျေးဇူးတင်ပါတယ်….
[Reply]
အခုလို ဒီ wesite ကိုသိရှိခွင့်ရတဲ့အတွက် အလွန် အတိုင်းမသိဝမ်းသာပါတယ်။
[Reply]