ယခု ဖောက်လုပ် လျက်ရှိသည့် နိုင်ငံတကာ အဆင့်မီ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် ကျေးရွာချင်း ဆက်သွယ် သွားလာနိုင်သည့် under pass ခု ပါ ပါဝင်ကြောင်းသိရသည်။
မကြာမီ ဖွင့်လှစ်နိုင်တော့မည့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ အဓိကထူးခြားချက်မှာ အမြန်လမ်း မကြီး ဖြတ်သန်းရာ လမ်းတစ်လျှောက် ၌ အမြန် လမ်းမကြီး၏ အောက်မှသာ ဖြတ်သန်း သွားလာရခြင်း ဖြစ်ပြီး အ မြန်လမ်းမကြီးပေါ်မှ ဖြတ်သန်းရ သော ကားလမ်း ခုံကျော်များလုံးဝ မရှိခြင်း ပင်ဖြစ်သည်။ အမြန်လမ်းမ ကြီး ဖောက်လုပ်ရာတွင် ကျေးရွာအ ချင်းချင်း ဆက်သွယ်သွားလာမှုအ ခက်အခဲမရှိစေရန် under pass များ တည်ဆောက်ပေးထားခြင်းဖြစ် သည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးသည် လမ်း အရှည် ၃၅၂ မိုင်ဖာ လုံရှိပြီး လမ်းနယ်အကျယ်ပေ ၃၆၀၊ လမ်းလယ်ကျွန်းအကျယ် ပေ ၃၀၊ အောက်ခံ ကွန်ကရစ်ထု ၆လက် မ၊ မျက်နှာပြင်လွှာ ကွန်ကရစ်ထု ၁၂ လက်မ၊ ခံနိုင်ဝန်တန် ၈၀တစ်ဖက် လျှင် လေးလမ်းသွားနှင့် ရှစ်လမ်း သွား ကွန်ကရစ်လမ်းမကြီးအဖြစ် တည်ဆောက်လျက်ရှိသည်။ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် ပေ ၁၈၀ အထက်တံတား အသွား အပြန် ၇၂ စင်း၊ ပေ ၁၈၀အောက် နှင့် ပေ ၅၀အထက်တံတားပေါင်း အသွားအပြန် အစင်း ၂၀၀နှင့် ပေ ၅၀အောက်တံတားအသွားအပြန် ၁၆၂စင်းပါဝင်သည်။ လမ်းမကြီးတစ် လျှောက်ယာဉ်များအသွားအပြန် သီးခြားစီရှိရေးအတွက် Culvert Box ၈၈၄ စင်းတို့ပါဝင်ပြီး မြို့ကြီး များနှင့် ဆက်သွယ်သွားလာနိုင်သည့် လမ်းပေါင်း ၁၃နှင့် under pass ၇၅ခုပါဝင်ကြောင်း သိရသည်။
ခိုင်မင်း(နေပြည်တော်)
Share



ဘိလပ်မြေနဲ.ဆီတွေရောင်းစားနေတာကိုသတင်းတင်ဦးလေ
[Reply]
1/ Culvert Box or Box Culvert ??
2/ Overhead Bridge or Underpass for Main Road ??
[Reply]