ရန်ကုန်မြို့ အချိန်ပြည့် လျှပ်စစ်မီးရရှိတော့မည် ရတနာ-ရန်ကုန် ပြည်တွင်းသုံး ကမ်းလွန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေးစတင်
စွမ်းအင် ၀န်ကြီးဌာန မြန်မာ့ရေ နံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း သည် ရတနာ-ရန်ကုန်ပြည်တွင်းသုံး ကမ်းလွန် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း အတွက် ၂၄ လက်မ ပိုက်လိုင်း ခင်းခြင်းလုပ်ငန်း များကို ပိုက်လိုင်း သွယ်တန်းမည့် သင်္ဘောကြီးနှင့် အထောက်အကူ ပြု သင်္ဘောများဖြင့် ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာ ၁ရက်မှ ၂၀၁၀ ပြည့်နှစ် မေ ၃၁ရက် အထိ ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာ များမှ တစ်ဆင့် နိုဝင် ဘာ ၁၇ ရက်တွင် ပြောကြားသည်။
အဆိုပါ သဘာဝဓာတ်ငွေ့ကို ရန်ကုန်မြို့တော် အတွက် လျှပ်စစ် ဓာတ်အား ပြည့်ဝစွာပေးနိုင်ရေး အ သုံးချ သွားရန်ရှိပြီး သဘာဝ ဓာတ် ငွေ့သုံး လုပ်ငန်းများအတွက် အသုံး ပြုသွားရန်ရှိကြောင်း သိရသည်။
ပိုက်လိုင်း သွယ်တန်းနေစဉ် ကာလအတွင်း လုပ်ငန်းကြန့်ကြာမှု မဖြစ်စေရေး အတွက် လမ်းကြောင်း ဧရိယာ တစ်လျှောက်မှ လေးကီလိုမီ တာပတ်လည် အတွင်းကို ရေကြောင်း သတိပေးချက်(Notice to Mariner’s) ထုတ်ပြန်ကြေညာထားကြောင်း ဆက်လက်သိရသည်။
ရေကြောင်း သတိပေးချက်တည် နေရာမှာ Point Vadana Platform မြောက် လတ္တီတွဒ် ၁၅ ဒီဂရီ၊ ၀၇ မိနစ်၊ ၂၃ ဒသမ ၉၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၆ မိနစ်၊ ၅၅ ဒသမ ၆၄စက္ကန့်၊ Point TP6 မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၂၀ မိနစ်၊ ၃၀ ဒသမ ၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၃ မိနစ်၊ ၀၀ ဒသမ ၀၀ စက္ကန့်၊ Point TP5 မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၂၆ မိနစ်၊ ၃၀ ဒသမ ၀၀ စက္ကန့်၊ အရှေ့လောာင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၁ မိနစ်၊ ၃၀ ဒသမ ၀၀စက္ကန့်၊ Point TP4 မြောက်လတ္တီတွဒ် ၁၅ဒီဂရီ ၃၁မိနစ်၊ ၃၀ ဒသမ ၀၀ စက္ကန့်၊ အ ရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၆ မိနစ်၊ ၀၀ ဒသမ ၀၀ စက္ကန့်၊ Point TP3 မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၃၈ မိနစ်၊ ၅၀ ဒသမ ၀၀စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၃ မိနစ်၊ ၃၀ ဒသမ ၀၀စက္ကန့်၊ Point TP2 မြောက်လတ္တီတွဒ် ၁၅ဒီဂရီ ၄၇ မိနစ်၊ ၀၀ ဒသမ ၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၂ မိနစ်၊ ၀၀ ဒသမ ၀၀ စက္ကန့်၊ Point TP1 မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅မိနစ်၊ ၃၇ ဒသမ ၀၀ စက္ကန့်၊ အ ရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၈ မိ နစ်၊ ၅၀ ဒသမ ၀၀ စက္ကန့်နှင့် Point Landfall မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၄ မိနစ်၊ ၀၅ ဒသမ ၂၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီ ဂရီ ၃၆ မိနစ်၊ ၅၄ ဒသမ ၀၀ စက္ကန့် တို့ဖြစ်ကြောင်းသိရသည်။
အထက်ပါတည်နေရာများ၏ လေးကီလိုမီတာပတ်လည်ဧရိယာ အတွင်း သင်္ဘောကြီး၊ သင်္ဘောငယ် များ ကုန်တင်စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက် ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများနှင့် ငါးဖမ်းကိရိ ယာများ၏ အထောက်အကူပြုပစ္စည်း များ (၀ါးပိုးဝါးများသွယ်တန်းစိုက် ထားခြင်း)ချထားခြင်းများမပြုလုပ် ကြရန် စွမ်းအင်ဝန်ကြီးဌာနက ထပ် ဆင့်အသိပေးထားသည်။
အောင်သန့်(ကျိုက္ကော်)
Share


