ရန်ကုန် ဆင်ခြေဖုံး လမ်းတွေ ကွန်ကရစ်လမ်း ခင်းနေတာတွေ့ရတော့ မုဒိတာ ပွားမိပါတယ်။ ယုဇန ဥယျာဉ်မြို့တော်ရဲ့ လမ်းတွေ ဆိုးလွန်းလို့ ပြင်ပေးရင် ဘယ်လောက် ကောင်းမလဲလို့ မြို့တော်သားတွေ တမ်းတ နေပါရဲ့။ ယုဇန ဥယျာဉ်မြို့တော် ဆိုတာ တကယ့်ဥယျာဉ် မြို့တော်ကြီးပါ။ သာယာတယ်၊ လေကောင်း လေသန့်ရတယ်။ ရန်ကုန်တိုင်း လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့ ရေး အစီအစဉ်နဲ့ အထူးယာဉ် လိုင်းကြီးနှစ်လိုင်း တိုးချဲ့ ပြေးဆွဲပေးနေလို့ ကားလိုင်းပေါင်း ခြောက်လိုင်းရှိတယ်။ သွားလာရေး အဆင်ပြေ လိုက်တာ။ မြို့သားတွေ စိတ်ချမ်းသာလို့။ ဆိုးတာကတော့ လမ်းတွေပါပဲ။ ဘယ်လောက် ဆိုးလဲဆို ဂိတ်ဝကစတဲ့ မိန်းလမ်းမ ကြီးဟာ ကားသွားလို့မရ ဖြစ်နေပါပြီ။ ကားတွေက တခြားလမ်းက ပတ်သွားတော့ အဲဒီလမ်းတွေလည်း ချိုင့်ခွက်ကြီးတွေနဲ့ တော်တော် ဆိုးနေပါပြီ။ စည်ပင်က ပြင်မလား။ ယုဇန ကုမ္ပဏီက ပြင်ပေးမလား။ မြို့သူမြို့သားနဲ့ ကားသမားတွေ တမျှော်မျှော်နဲ့ ဘယ်သူလာလို့ ခင်းပါ့မယ်လေး။
ဝင်းထက်
Share


