၂၀၀၉-၂၀၁၀ ခရီးသွား ပွင့် လင်း ရာသီ တွင် ငွေဆောင်ကမ်း ခြေသို့ တရုတ် ဧည့်သည်များ လာ ရောက်ရန် စိတ်ဝင်စား လာပြီး ငွေ ဆောင် ကမ်းခြေ ဒေသ သို့ ကြိုတင် လာ ရောက်လေ့လာမှုများ ကို ပြု လုပ်ခဲ့ကြောင်း ငွေဆောင်ဇုန် ဟိုတယ် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူက ပြောကြားသည်။
“ဒီလာမယ့် ပွင့်လင်း ရာသီမှာ ငွေဆောင် ကို တရုတ်ဈေးကွက်ဖြစ် လာအောင် အကောင်အထည် ဖော် ဆောင်ဖို့ လုပ်နေပါတယ်။ တရုတ် ဧည့်သည် တွေကလည်း ငွေဆောင် ကို စိတ်ဝင်စားလာမှု တွေရှိလာ တယ်။ မကြာသေးမီက ခရီးသွား ကုမ္ပဏီ နှစ်ခု ငွေဆောင်ကို လာ ရောက် လေ့လာခဲ့ပါတယ်” ဟု အ ထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။
ယခင်က တရုတ်ဧည့်သည် များသည် ထိုင်းသို့အများဆုံးသွား ရောက်လေ့လာခဲ့သော်လည်း ယခု ကာလများတွင် ထိုင်းနိုင်ငံသို့ သွား လာလှည့်ပတ်မှုများကို လျှော့ချခဲ့ပြီး မြန်မာပြည်ဘက်ကို ရှာဖွေလာခဲ့ ကြောင်း၊ ထို့ကြောင့် တရုတ်ဈေး ကွက်ကို အကောင်အထည်ဖော်ရန် ငွေဆောင်ဇုန်အသင်းမှ ဆောင်ရွက် နေကြောင်း သိရသည်။
YYH
Share
