ပြည်ပ ပညာ သင် ကြား ရေး နှင့် စပ် လျဉ်း၍ စင်ကာပူ၊ ဗြိတိန်၊ မလေး ရှား၊ဂျပန်၊သြစတြေးလျ စသည့် နိုင်ငံ များရှိ တက္ကသိုလ်များတွင် လျှောက် ထား သွားရောက် ပညာသင်ကြားရောက် ရှိကြသည့် မြန်မာကျောင်းသား အများ အပြားရှိသည့် နည်းတူ အမေရိကန်ရှိ တက္ကသိုလ်များသို့ လျှောက်ထားရွေး ချယ်ခြင်းခံရသည့် မြန်မာကျောင်း သားများလည်းရှိကြောင်းသိရသည်။
မြန်မာ ကျောင်းသားများသည် အမေရိကန်ရှိ တက္ကသိုလ် များတွင် ပညာသင်ကြားရန် စိတ်ဝင် စားလျက် ရှိကြရာ နေ့စဉ် အမေရိကန်သံရုံးသို့ ဗီဇာ အင်တာဗျူး လာရောက် သူများ ရှိနေကြောင်း၊နေ့စဉ် ထိုသို့ လာရောက် သူ မြန်မာ ကျောင်းသား ၁၁ ဦးခန့် ရှိပြီး ရှစ်ဦးခန့် ဗီဇာ ရရှိကြောင်း ကိုယ်တိုင် သွားရောက် လျှောက်ထား သူ ကျောင်းသားတစ်ဦးထံမှ သိရသည်။
ဗီဇာမရရှိသေးသည့် ကျောင်း သားများမှာ ကျောင်းလခတာဝန်ယူ မည့် စပွန်ဆာနှင့် မိမိ ဆက်သွယ်မှု၊ ငွေကြေးတာဝန်ယူနိုင်ခြင်းအထောက် အထားခိုင်မာမှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
ဗီဇာ အင်တာဗျူးနှင့် စပ်လျဉ်း ၍ သိရသည်မှာ ဗီဇာရက်ချိန်းရရှိ ရန် နံနက် ၉နာရီမှ မွန်းတည့်၁၂နာရီ ကြားတွင် ကောင်စစ်ဌာနသို့ ဖုန်းဖြင့် ခေါ်ယူ၍ကြိုတင် appointment လုပ် နိုင်ပြီး application များကို online ဖြင့် http://evisaforms.state.gov တွင် ကြည့်ရမည်ဖြစ်ကြောင်း၊ မိမိအင်တာဗျူးရက်ချိန်းရပြီးတစ်ပတ် အလိုတွင် လျှောက်လွှာအပြည့်အစုံ ကို ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ် သာလမ်း၊ အမှတ် ၁၁၀၊ အမေရိကန် သံရုံးရှိကောင်စစ်ဌာနစာတိုက်ပုံးတွင် ထည့်ရမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသားဗီဇာလျှောက်ထား ရာတွင် အဓိကလိုအပ်ချက်များမှာ သက်ဆိုင်ရာတက္ကသိုလ်မှ လက်ခံ ကြောင်း အထောက်အထား၊ 120 Form နှင့် ကျောင်းလခထောက်ပံ့ မည့်သူ (sponsor) ၏ငွေကြေး အာမခံနိုင်မှုဖြစ်သည်။ Sponsor သည်မိမိ၏မိခင်၊ဖခင်၊ဆွေမျိုးအရင်း အချာမဟုတ်ပါက မိမိနှင့်ပတ်သက် ဆက်နွှယ်နေသော ပုဂ္ဂိုလ်က မိမိ အားထောက်ပံ့ပေးနိုင်သောသူဖြစ်ရန် လိုအပ်ကြောင်းသိရသည်။ ထို့အပြင် သံရုံးသို့ တင်သွင်းဖြည့်စွက်သော လျှောက်ထားသူ၏အကြောင်းအရာ အချက်အလက်အားလုံးသည်မှန်ကန် ရိုးသားမှုရှိရန်လိုအပ်ကြောင်းသိရသည်။ ကောင်စစ်ဝန်၏မေးမြန်းချက်ကို ဖြေ ကြားရာတွင် အပိုအလိုမရှိ ရိုးသားစွာ ဖြေကြားရန်လိုကြောင်း သိရသည်။
ထပ်မံသိရှိရသည်မှာ သံရုံးသို့ ဗီဇာလာရောက်လျှောက်ထားကြ သောကျောင်းသားများအနက်အချို့ မှာသက်ဆိုင်ရာတက္ကသိုလ်မှ scholar-ship အပြည့်သော်လည်းကောင်း၊ ထက်ဝက်သော်လည်းကောင်းရရှိပြီး ဖြစ်လျှင်ကျောင်းလခအပြည့်ပေးသွင်း ရန် မလိုအပ်သော်လည်း ကျန်အခြား စရိတ်စကများအတွက် တာဝန်ယူ မည့်သူ လိုအပ်ကြောင်း သိရသည်။
အမှန်တကယ် ကျောင်းတက် ရောက်ပညာသင်ကြားမည့်သူများ အတွက် ဗီဇာရရှိရန် အခက်အခဲမရှိ ကြောင်းနှင့် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်များသည် ကမ္ဘာအရပ်ရပ်မှ ကျောင်းသားများ အား ၀န်ဆောင်မှု ပေးနေသော အကြီးဆုံးပညာရေးဝန်ဆောင်မှုဗဟို ဌာနကြီးတစ်ခုဖြစ်ကြောင်း အမေရိ ကန်နိုင်ငံတွင် ပညာသင်ကြားခဲ့သူ လုပ်ငန်းရှင်တစ်ဦးက မြန်မာပို့စ်သို့ ပြောကြားသည်။
မြန်မာနိုင်ငံမှ အမေရိကန်သို့ သွားရောက်ပညာသင်ကြားရာတွင် ဘွဲ့လွန် (graduate) ထက် ဘွဲ့ကြို (under graduate) ကျောင်းသား များက ပို၍များကြောင်း၊ graduate တက္ကသိုလ်၊ ကောလိပ်များသို့ ၀င်ရောက်ရာတွင် GMAT ဖြေဆို အောင်မြင်ရန် လိုအပ်ပြီး under graduate ကျောင်းသားများ အတွက TOEFL နှင် IELTS ဖြေ ဆိုအောင်မြင်ရန်လိုအပ်ကြောင်း၊ အောင်မှတ်သတ်မှတ်ချက်များသည် တက္ကသိုလ်၊ ကောလိပ်များ၏ ၀င် ခွင့်သတ်မှတ်ချက်တစ်ခုနှင့်တစ်ခု မတူညီကြောင်း သိရသည်။
(ရည်ညွှန်း – ကျောင်းသားဗီဇာလျှောက်ထားသူ များ၊ ကျောင်းတက်ဖူးသည့်လုပ်ငန်းရှင်များ၊ သက် ဆိုင်ရာသံရုံး၏ကြေညာချက်)
မြန်မာပို့စ်
Share
