ပြည်ပ ပညာရေးအသီးသီးက ကျောင်း သားများကိုဆွဲဆောင်ကြရာတွင် စကောလား ရှစ်သာမက မည်သည့်နိုင်ငံတွင် ကာလမည် မျှနေထိုင်ခွင့်ရရှိစေမည်ဟူသော ဆွဲဆောင် ချက်အသစ်တစ်မျိုးဖြင့် ထိုးဖောက်လာ ကြောင်း ပြည်ပထွက် ကျောင်းတက်ရန်စီစဉ် နေကြသူများထံမှ သိရသည်။
ပုံမှန်အားဖြင့် စကောလားရှစ်ပေးသော ကျောင်းများသည် အဆိုပါကျောင်းများ၌ ဘွဲ့၊ ဒီဂရီရရှိပြီးသော ကျောင်းသားများအား ကျောင်းရှိသည့် နိုင်ငံတွင် နေထိုင်ခွင့်အလုပ် လုပ်ကိုင်ခွင့်ကိုဖန်တီးပေးကြကြောင်း၊ ယခု အခါ အဆိုပါအခြေအနေထက် ပိုထူးသော အခြားနိုင်ငံတစ်ခုတွင် နေထိုင်ခွင့်မည်မျှရ မည်ဆိုသော အချက်ကို ထည့်သွင်းလာခြင်း ဖြစ်ကြောင်း စင်ကာပူ Newcastle University ၌ Electrical Engineering ဘွဲ့ရယူရန်ကြိုးစားနေသော ကျောင်းသား အချို့က ပြောကြားသည်။
“ဒီဘွဲ့ရရင် သြစတြေးလျမှာ တစ်နှစ်ခွဲနေထိုင်ခွင့်ရမယ်လို့ သိရပါတယ်။ တစ်နှစ်ခွဲပြီးသွားရင် အမြဲတမ်းနေထိုင်ခွင့်လျှောက်နိုင်ကြောင်းလည်း သိရပါ တယ်” ဟု ကျောင်းသားတစ်ဦးက ဆိုသည်။ ထိုသို့ နိုင်ငံတစ်ခုတွင် ကျောင်း တက်ပြီး အခြားနိုင်ငံတစ်ခုတွင် နေထိုင်ခွင့်ရမည်ဆိုသော ဆွဲဆောင်ချက်ကို ပြည်ပကျောင်းတိုင်းက အသုံးပြုသည်မဟုတ်ဘဲ ကျောင်းအနည်းငယ်ကသာ ရှားရှားပါးပါး အသုံးပြုဆွဲဆောင်ခြင်းဖြစ်သည်ဟု ပြည်ပ ပညာရေး အတိုင် ပင်ခံတစ်ဦးက ပြောကြားသည်။ “နေထိုင်ခွင့်ဆိုတာက စကောလားရှစ်ထက် တစ်ခါတစ်ရံမှာ ပိုပြီးဆွဲဆောင်နိုင်တယ်။ နေထိုင်ခွင့်ရမယ်ဆိုတဲ့နိုင်ငံကလည်း ကျောင်းသားတွေ စိတ်ဝင်စားမယ့်နိုင်ငံမျိုးဖြစ်မှ အဆင်ပြေမှာ။ သြစကြေးလျ ကတော့ စိတ်ဝင်စားသူများပါတယ်” ဟု အထက်ပါအတိုင်ပင်ခံသုံးသပ်ပြော ကြားသည်။ Newcastle University ၏ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို သြစ တြေးလျအစိုးရက အသိအမှတ်ပြုထားသော ပညာရေးအဖွဲ့အစည်းများက ပေးအပ်ခြင်းဖြစ်ပြီး ဘွဲ့ရရှိ၍ နှစ်နှစ်အတွင်း လျှောက်ထားနိုင်ကြောင်း အထက်ပါကျောင်းသားများထံမှ သိရသည်။
အေသင်စတား
Share
