စင်ကာပူ နိုင်ငံတွင် မြန်မာနိုင်ငံသား များလည်း ဘဏ်ချေးငွေဖြင့် ကွန်ဒို တိုက်ခန်းများဝယ်ယူ နိုင်ကြောင်း စင်ကာပူနိုင်ငံအခြေစိုက် ERA Reality Network Pte Ltd မှ Senior Marketing Director တစ်ဦးက ပြော ကြားသည်။ “အဓိက ကကြွေးမြီကို ပြန်ဆပ်နိုင်ကြောင်း အထောက် အထားခိုင်လုံဖို့ပါ” ဟု သူကဆိုသည်။
မြန်မာနိုင်ငံသား များအနေဖြင့် စင်ကာပူနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ခိုင်မာသောလစဉ်ဝင်ငွေ အထောက်အထားပြသရုံနှင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း၊ မိမိဝယ်ယူမည့် ကွန်ဒိုတိုက်ခန်း၊ အိမ်ရာကို ပြန်လည် အပေါင်ထား၍ ဘဏ်မှငွေချေးယူသည့် စနစ်ဖြစ် ကြောင်း၊ အများအားဖြင့် ရာခိုင်နှုန်း ၃၀ကို လက်ငင်းပေး ချေ၍ ဘဏ်ချေးငွေ ရာခိုင်နှုန်း ၇၀ကို ရယူနိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောကြားသည်။
HDB/HUDC စသည့် တန်ဖိုးနည်းအိမ်ရာများ ကိုမူ အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိသူနှစ်ဦးရှိမှသာဝယ် ယူခွင့်ရရှိမည်ဖြစ်ကြောင်း၊ ချေးငွေကိုပြန်လည်ပေးဆပ် ရာတွင်မူ မိမိ၏လက်ရှိအသက်နှင့်တွက်ပြီး စင်ကာပူ နိုင်ငံတွင် အသက်အာမခံထားရှိရန် လိုအပ်မည်ဖြစ် ကြောင်း အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
စင်ကာပူနိုင်ငံသည် ကျွန်းတစ်ခုတည်းမဟုတ်ဘဲ ပင်မကျွန်းကြီးနှင့်ဝိုင်းရံလျက်ရှိသော ကျွန်းငယ် ၆၃ခု ပါဝင်ပြီး စုစုပေါင်းမြေဧရိယာ ၆၈၂၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းကြောင်း၊ အီကွေတာမြောက်ဘက် ၁၃၆ ဒသမ ၈ ကီလိုမီတာအကွာတွင်တည်ရှိပြီး မလေးရှား၊ အင်ဒိုနီး ရှားတို့ နှင့် နီးကပ်စွာတည်ရှိနေကြောင်း၊ လူဦးရေ ၄ ဒသမ ၁၆သန်းရှိပြီး ၃ ဒသမ ၃၈သန်းမှာနိုင်ငံသားများနှင့် အမြဲ တမ်းနေထိုင်သူများဖြစ်သည်။
D.Watch (Ref:Xhihwa)
Share


